100 ကိုအင်္ဂလိပ်သင်ခန်းစာများ
Worried about dad.

အဖေအတွက်စိတ်ပူတယ်။

Hi Peter, can I talk to you for a moment. I just heard the cookie factory downtown is going out of business.

ဟိုင်း ပီတာ။ ခဏစကားပြောလို့ရမလား? မြိုထဲက ကွတ်ကီးစက်ရုံ ပြုတ်တော့မယ် ကြားတယ်။


Where did you hear that?

ဘယ်ကကြားတာလဲ။


Sara told me.

ဆာရာပြောတာ။


I'm not sure that's true. I haven't heard anything about it.

မှန်တယ်လို့ မထင်ဘူး။ အဲဒီအကြောင်းမကြားမိဘူး။


She said that they have already started to lay people off.

အလုပ်စဖြုတ်နေပြီလို့ပြောတာပဲ။


Doesn't your father work there?

မင်း အဖေ အဲဒီမှာလုပ်တာမဟုတ်လား?


Yes, I'm really worried he might get laid off, he just started to work there about three months ago. What do you think I should do?

အင်း။ သူအလုပ်ဖြုတ်ခံရမှာစိတ်ပူနေတာ၊ အဲဒီမှာအလုပ်လုပ်တာ ၃ လ လောက်ပဲရှိသေးတယ်။ ဘာလုပ်သင့်တယ်ထင်လဲ?


I'd talk to your father.

မင်းအဖေနဲ့စကားပြောကြည့်မယ်။


Yeah, but if there was something wrong I don't think he'd tell me. He doesn't like to upset me, but I really would like to know what's going on.

အင်း၊ ဒါပေမယ့် တခုခုမှားနေလဲ ပြောမှာမဟုတ်ဘူးထင်တယ်။ ငါ့ကို စိတ်လှုပ်ရှားစေမှာမဟုတ်ဘူး။ တကယ့်အခြေအနေကိုသိချင်တယ်။


So what are you gonna do?

ဘာလုပ်မလဲ?


Aren't you good friends with the president of that company?

အဲဲဒီကုမ္ပဏီ ဥက္ကဌ နဲ့သိတယ်မဟုတ်လား?


Yes, we use to work together at a different company about five years ago.

အင်း။ ၅ နှစ်လောက်တုန်းက ကုမ္ပဏီတစ်ခုမှာ အတူတူလုပ်ဖူးတယ်။


Maybe you could call him and see what's going on.

သူ့ကိုခေါ်ပြီး ဘာဖြစ်နေလဲမေးကြည့်ပါလား?


Well, I don't know. I guess I could. It's pretty late now, but I'll call him in the morning.

မပြောတတ်ဘူး။ ဖြစ်နိုင်မယ်လို့ထင်တာပဲ။ အခုနောက်ကျနေပြီ၊ မနက်ကျမှခေါ်ကြည်မယ်။


OK, thanks so much.

အိုကေ။ အရမ်းကျေးဇူးတင်ပါတယ်။

Lessons