ဝလာတယ်။
Dan:
Wow, I'm really getting fat.
ဝေါင်း၊ ငါတော်တော်ဝလာပြီပဲ။
Melissa:
You don't look fat.
ဝတယ်လို့ မထင်ရပါဘူး။
Yes, but I am. I've gained 10 pounds in the last two months. Look at my stomach.
အင်း၊ ဒါပေမယ့် ဝလာတယ်။ ပြီးခဲ့တဲ့ ၂ လ အတွင်း ၁၀ ပေါင်တိုးလာတယ်။ ငါ့ဗိုက်ကိုကြည့်ပါလား။
How much do you weigh?
အလေးချိန် ဘယ်လောက်ရှိသလဲ?
I think about 170 pounds.
၁၇၀ လောက်ရှိမယ်ထင်တယ်။
What kind of foods do you eat?
ဘယ်လို အစားမျိုး တွေစားသလဲ?
I usually have pasta for dinner. Sometimes I get take-out or fast food if I don't have enough time to cook.
ပုံမှန်အားဖြင့် ညစာ ကို ပါစတာစားတယ်။ ချက်ဖို့ အချိန်မရရင် အမြန်အစားအစာ ဒါမှမဟုတ် ဝယ်စားတယ်။
I was reading a diet book the other day. It said that if you eat meat and nothing else, you'll lose weight quickly.
အလေးချိန်ချတဲ့ စာအုပ်ကို ဟိုတရက်ကဖတ်နေသေးတယ်။ အသားတစ်မျိုးထဲကိုစားရင် အလေးချိန်မြန်မြန်ကျတယ်လို့ ပြောတယ်။
Wow, does that work?
ဝေါင်း။ တကယ်အလုပ်ဖြစ်သလား?
I don't know, but someone told me they tried it and lost 20 pounds.
မသိဘူး၊ စမ်းကြည့်တာ ပေါင် ၂၀ လောက်ကျတယ် လို့ တစ်ယောက်က ပြောတယ်။
That sounds good, but I'm not sure how long I could do that.
ကောင်းပုံရတယ်၊ ဘယ်လောက်ကြာကြာလုပ်ရမလဲ မသိဘူး။
I know, once you start eating vegetables and bread again you'll probably start gaining weight.
သိတယ်၊ အသီးအရွက်နဲ့ ပေါင်မုန့် စစားတာနဲ့ အလေးချိန်တက်လာတော့မှာပဲ။
Well, I think I'm going to try it anyway. Who's the author?
ဘယ်လိုပဲဖြစ်ဖြစ် စမ်းကြည့်မယ်။ စာရေးဆရာဘယ်သူလဲ?
I can't remember. It's not that popular anymore. When I get home I'll check and give you a call.
မမှတ်မိဘူး၊ နာမည်ကြီးတော့မဟုတ်ဘူး၊ အိမ်ရောက်ရင် ကြည့်ပြီးဖုန်းခေါ်လိုက်မယ်။