100 ကိုအင်္ဂလိပ်သင်ခန်းစာများ
Gifts.

လက်ဆောင်များ။

Dorothy what are your plans for Christmas?

ဒေါ်ရသီ၊ ခရစ္စမတ် အတွက် ဘာအစီအစဉ်ရှိလဲ?


Oh yes, it's almost Christmas, isn't it. I'm not sure what I'll be doing then.

အိုး။ ခရစ္စမတ်တောင်ရောက်တော့မှာပဲ။ ဘာလုပ်ရမလဲမသိသေးဘူး။


Well, if you don't have any plans, you family could have dinner at my house.

အစီအစဉ်မရှိသေးရင် မင်းမိသားစု ငါ့အိမ်မှာ ညစာလာစားလို့ရတယ်။


That's very nice of you, thanks. Have you finished your shopping yet?

မင်းအရမ်းသဘောကောင်းတာပဲ၊ ကျေးဇူးတင်တယ်။ ဈေးဝယ်တာပြီးပြီလား?


No, I still have to do that. I think I'll go to the mall this weekend.

ဟင့်အင်း။ ဝယ်စရာရှိသေးတယ်။ ဒီသီတင်းပတ်အကုန် မှာ မောလ်ကို သွားအုံးမယ်။


It's going to be really crowded at the mall. You should shop online.

မောလ်မှာ လူကျပ်မှာပဲ။ အွန်လိုင်း ကနေဝယ်ပါလား။


You're right. My family loves to read, so I can probably get them all presents from Amazon.com.

မင်းမှန်တယ်။ ငါ့မိသားစု က စာဖတ်တာဝါသနာပါတယ်။ လက်ဆောင်တွေကို အမေဇုံ ကနေဝယ်ရင်ကောင်းမယ်။


What do you think you'll get for your wife?

မင်းမိန်းမ အတွက်ဘာဝယ်မလဲ?


Probably a romance novel. It seems like she's always reading one of those.

အချစ်ဝတ္တုဖြစ်မယ်ထင်တယ်။ သူက အဲဒါမျိုးဖတ်တာ ဝါသနာ ပါတယ်။


Don't you think you should get her something a little more expensive, like jewelry or maybe a new computer?

နဲနဲဈေးကြီးတာ ပိုမကောင်းဘူးလား? လက်ဝတ်ရတနာ ဖြစ်ဖြစ် ကွန်ပျူတာ အသစ်ဖြစ်ဖြစ်ပေါ့?


Maybe you're right. It's hard buying gifts. I think my wife has everything she wants. Maybe I should just ask her.

မင်းမှန်တယ်။ လက်ဆောင်ဝယ်ရတာ ခက်တယ်။ သူလိုတာ အကုန်ရှိပြီးသားလို့ထင်တယ်။ သူ့ကိုမေးလိုက်တာကောင်းမယ်။

Lessons