အပြင်မှာ နှင်းကျနေတယ်။
Donna:
Hey, what have you been doing today?
ဟေး၊ ဒီနေ့ဘာတွေလုပ်ခဲ့လဲ?
Robert:
Nothing, just watching TV. I'm really bored. I don't have anything to do.
ဘာမှမလုပ်ဘူး။ တီဗီကြည့်နေတာ။ ပျင်းနေတာ။ ဘာမှလုပ်စရာမရှိဘူး။
I don't have anything to do either. I didn't do anything today except clean my house.
ငါလည်းဘာမှလုပ်စရာမရှိဘူး။ အိမ်ရှင်းတာကလွဲလို့ ဘာမှမလုပ်ဘူး။
I know. I was planning to go to the mall today with one of my friends, but it snowed so much we couldn't go anywhere.
သိတယ်။ သူငယ်ချင်းနဲ့ ဈေးသွားမလို့၊ ဒါပေမယ့် နှင်းအရမ်းကျနေတာနဲ့ ဘယ်မှသွားလို့မရဘူး။
I hope it snows all night because I don't want to go to school tomorrow.
တညလုံးနှင်းကျပါစေလို့မျှော်လင့်တယ်။ မနက်ဖြန်ကျောင်းမသွားချင်လို့။
Do you know anyone who has a camera? I want to take a picture of all this snow.
ဘယ်သူ့ဆီမှာ ကင်မရာရှိ လဲ သိလား? ဒီနှင်းတွေကို ဓါတ်ပုံရိုက်ချင်လို့။
No, I don't know anyone who has a camera.
ဟင့်အင်း။ ဘယ်သူ့ ဆီမှာ ကင်မရာရှိလဲ မသိဘူး။
Have you seen Sara today? I think she might have one.
ဒီနေ့ ဆာရာ ကို တွေ့မိလား? သူ့ဆီမှာရှိမယ်လို့ ထင်တယ်။
No, she hasn't been around all day. She said she had something important to do today?
ဟင့်အင်း၊ တနေ့လုံးမရှိဘူး။ ဒီနေ့ အရေးကြီးကိစ္စရှိတယ်လို့ပြောတယ်။
Oh, where did she go?
အိုး သူဘယ်သွားလဲ?
Nobody knows. I called her roommate and she doesn't know either.
ဘယ်သူမှမသိဘူး။ သူ့ အခန်းဖော်ကို ဖုန်းဆက်ကြည့်တယ်၊ သူလဲမသိဘူး။