ကျွန်တော်အအေးမိနေသည်။
Tracy:
How are you feeling?
ဘယ်လိုနေသေးလဲ?
Alan:
I still have a cold.
အအေးမိနေသေးတယ်။
Still? It's been over a week now, hasn't it?
အခုထိ? တပတ်လောက်ရှိပြီမဟုတ်လား?
Yeah, its been a while. I started feeling this way last Monday.
အင်း၊ တော်တော်ကြာသွားပြီ။ ဒီလိုဖြစ်နေတာ ပြီးခဲ့တဲ့ တနင်္လာ ကတည်းကပဲ။
Are you feeling any better?
နေလို့ သက်သာသလား?
A little. I took some medicine this morning and I feel a little better now.
နဲနဲပဲ။ ဒီမနက် ဆေးသောက်ပြီးထားတယ်၊ နဲနဲသက်သာသလိုပဲ။
What's wrong?
ဘာဖြစ်တာလဲ?
I have a bad cough.
ချောင်းအရမ်းဆိုးတယ်။
Did you go see the doctor yet?
ဆရာဝန်ပြ မကြည့်ဘူးလား?
Not yet, I might go tomorrow.
မပြရသေးဘူး၊ မနက်ဖြန်သွားမလားလို့?
I'm going to the drug store now, can I get you anything?
ဆေးဆိုင်သွားမလို့၊ ဘာဝယ်ခဲ့ပေးရမလဲ?
Yes, if it's not too much trouble, would you get me some tissues.
အင်း၊ ဒုက္ခမရှိရင် တစ်သျှူးနဲနဲ ဝယ်ခဲ့ပေးပါ။
Sure. Anything else?
ဟုတ်ပြီ။ တခြားရော။
No, that's it.
ဟင့်အင်း ရပြီ။
OK, I'll be back in about an hour. If you think of anything else you need, give me a call.
အိုကေ။ တစ်နာရီလောက်အတွင်း ပြန်ရောက်မယ်။ တခုခု လိုတယ်လို့ စဉ်းစားမိရင် ဖုန်းဆက်လိုက်။
Thanks.
ကျေးဇူးပဲ။