ခွဲစိတ်မှု အတွက် စိတ်လှုပ်ရှားနေတယ်။
Karen:
Hi Jim.
ဟိုင်း ဂျင်မ်။
Jim:
Hi Karen. You look upset, what's wrong?
ဟိုင်း ကရင်။ စိတ်မကောင်းနေသလိုပဲ၊ ဘာမှားလို့လဲ?
It's nothing. I'm just a little nervous.
ဘာမှမဖြစ်ပါဘူး။ စိတ်လှုပ်ရှားနေလို့ပါ။
Is everything all right?
အကုန်အဆင်ပြေရဲ့လား?
Well, I'm having surgery tomorrow on my finger.
မနက်ဖြန် လက်ချောင်း ကို ခွဲစိတ်မှုလုပ်ရမယ်။
What's wrong with your finger?
လက်ချောင်းဘာဖြစ်လို့လဲ။
I broke it the other day playing basketball.
ဟိုတနေ့က ဘတ်စကတ်ဘော ကစားရင်း ကြိုးသွားလို့ပါ။
Oh, that's terrible.
အိုး။ အရမ်းဆိုးတာပဲ။
Yeah, it's been bothering me since that day.
အဲဒီနေ့ကတည်း က ဒုက္ခပေးနေတာ။
Are you afraid of having surgery?
ခွဲရမှာကြောက်နေလား?
Yes. I've never had surgery before.
အင်း။ တခါမှ မခွဲဖူးဘူး။
I wouldn't worry. I had to have surgery on my leg last year. Everything went fine.
ငါတော့စိတ်မပူပါဘူး။ မနှစ်က ခြေထောက်ခွဲရတယ်။ အားလုံးအဆင်ပြေပါတယ်။
Were you nervous before the surgery?
မခွဲခင်က စိတ်လှုပ်ရှားသလား?
A little. Who's your doctor?
နဲနဲပါ။ ဆရာဝန်ဘယ်သူလဲ?
Dr. Allen.
ဒေါက်တာ အယ်လင်။
Oh, I've heard he's really good. I don't think you have anything to worry about.
အိုး။ အရမ်းတော်တယ် လို့ ကြားဖူးတယ်။ စိတ်ပူစရာမလိုဘူးလို့ ထင်တယ်။
Good. That makes me feel much better.
ကောင်တာပေါ့။ နဲနဲ သက်သာရာရသွားပြီ။