သူငယ်ချင်းအတွက် ဈေးဝယ်ခြင်း။
Karen:
I'm going shopping. Do you want to come?
ဈေးသွားမလို့။ လိုက်မလား?
Jason:
I thought you went shopping yesterday.
မနေ့က ဈေးသွားတယ်ထင်လို့။
I did, but an old friend called me last night and invited me to his birthday party. I need to buy a gift for him.
သွားတယ်၊ ဒါပေမယ့် သူငယ်ချင်းဟောင်းတစ်ယောက်က ဖုန်းဆက်ပြီး မွေးနေ့ဖိတ်လို့။ လက်ဆောင်ဝယ်ရမယ်လေ။
I see. What are you going to get him?
သိပြီ။ ဘာဝယ်မှာလဲ?
I really have no idea what he likes. I haven't seen him in a long time. What do you think?
ဘာကြိုက်လဲမသိဘူး။ မတွေ့တာကြာပြီ။ ဘယ်လိုထင်လဲ?
Maybe a cake?
ကိတ်မုန့်ရော?
Well, that's a good idea, but I think I should probably get him something else, like something he can wear.
အင်း။ အိုင်ဒီယာ ကောင်းပဲ၊ ဒါပေမယ့် တခြားတခုခုဝယ်မလားလို့၊ အဝတ်အထည်ဖြစ်ဖြစ်။
How about a sweater? I saw a really nice one in the mall the other day. Maybe we can go there and take a look.
ဆွယ်တာရော? တနေ့က မောလ် မှာ ကောင်းတာတခုတွေ့ခဲ့တယ်။ သွားကြည့်ကြတာပေါ့။
OK, what store was it in?
အိုကေ။ ဘယ်စတိုးလဲ?
It was at Macy's. I think they're having a sale this weekend.
မေစီမှာ။ ဒီတပတ်ဈေးချနေတယ်ထင်တယ်။
Oh, that's a really nice store. I like the clothes there.
အိုး။ ကောင်းတဲ့ စတိုးပဲ။ အဲဒီက အဝတ်တွေကြိုက်တယ်။