100 ကိုအင်္ဂလိပ်သင်ခန်းစာများ
My mother-in-law is coming tomorrow.

မနက်ဖြန် ယောက္ခမ လာမယ်။

Hello?

ဟဲလို?


Hi. Are you still up?

ဟိုင်း မအိပ်သေးဘူးလား?


Yes.

အင်း။


You sound tired, is everything OK?

ပင်ပန်းနေတဲ့ပုံပဲ။ အိုကေရဲ့လား?


Yeah, everything's fine. I'm just getting ready to go to bed. It's been a really long day.

အင်း။ အကုန်အဆင်ပြေပါတယ်။ အိပ်ဖို့ပြင်နေတာ၊ အရမ်းပင်ပန်းတဲ့နေ့ပဲ။


Do you have time to get some coffee with me later? I have something I want to talk to you about.

ခဏနေ ကော်ဖီသောက်ဖို့ အချိန်ရမလား? ပြောစရာရှိလို့။


No, sorry. Not today. I have to get up early tomorrow.

ဟင့်အင်း တောင်းပန်ပါတယ်။ ဒီနေ့တော့မရဘူး။ မနက်ဖြန်စောစောထရမယ်။


Oh, What are you going to do tomorrow?

အိုး။ မနက်ဖြန်ဘာလုပ်မလို့လဲ?


My mother-in-law is coming over so I have to get up early and clean the house.

ယောက္ခမ လာမယ် ဆိုတော့ စောစောထပြီး အိမ်သန့်ရှင်းရေးလုပ်ရမယ်။


I see.

သိပြီ။


Are you free tomorrow?

မနက်ဖြန်အားလား?


Yes, in the afternoon. I have to finish something I'm working on, but I'll be free after 3:30.

ညနေဘက်အားပါတယ်။ လုပ်လက်စအလုပ် လက်စသတ်ပြီးရင် ၃:၃၀ နောက်ပိုင်းအားပါတယ်။


Do you want to get together after you finish work?

အလုပ်ပြီးရင်တွေ့နိုင်မလား?


Do you think you'll have time?

အချိန်ရမယ်ထင်လား?


Yeah, my mother-in-law will be leaving here around 2PM.

အင်း။ ယောက္ခမ က ဒီကနေ ၂ နာရီလောက်ထွက်မယ်။

Lessons