မိဘများဘယ်မှာနေသလဲ?
Jason:
Hi Melissa, are you going home this weekend?
ဟိုင်း မလီဆာ။ ဒီ စနေ၊တနင်္ဂနွေ အိမ်ပြန်မှာလား?
Melissa:
No, not this weekend. I have too much work to do.
ဟင့်အင်း၊ ဒီအပတ်မပြန်ဘူး။ လုပ်စရာ အလုပ်တွေ အများကြီးရှိတယ်။
Where do your parents live?
မိသားစုတွေ ဘယ်မှာနေသလဲ?
My father lives in Washington DC.
အဖေက ဝါရှင်တန်ဒီစီမှာ။
How about your mother?
အမေကရော?
My mother died two years ago.
လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆုံးသွားပြီ။
Oh, I am sorry to hear that. Is your father still working?
အိုး၊ ကြားရတာ စိတ်မကောင်းပါဘူး၊ အဖေက အလုပ်လုပ်တုန်းပဲလား?
No, he's retired.
ဟင့်အင်း၊ အနားယူနေပြီ။
Do you have any family here?
တခြားမိသားစု ဒီမှာ ရှိသလား?
Yes, two of my cousins live here and my aunt and uncle live about 30 miles from here.
ဟုတ်ကဲ့။ ဝမ်းကွဲ ၂ ယောက် ဒီမှာရှိတယ်။ ဦးလေးနဲ့ အဒေါ် က မိုင် ၃၀ လောက်ဝေးတဲ့ နေရာ မှာရှိတယ်။
Do you have any brothers or sisters?
မောင်နှစ်မ ရှိသလား?
Yes, I have two brothers who live in New York and a sister who lives in Boston.
ဟုတ်ကဲ့။ မောင် ၂ ယောက် က နယူးယောက်မှာ နဲ့ ညီမ က ဘော်စတွန်မှာ နေပါတယ်။
Do you see them a lot?
ခဏခဏ တွေ့ဖြစ်လား?
Not as much as I'd like to. Usually just on holidays like Thanksgiving and Christmas.
သိပ်မတွေ့ဖြစ်ပါဘူး။ ခရစ်စမတ် နဲ့ ကျေးဇူးလက်ဆောင်ပေး တဲ့ အားလပ်ရက်တွေမှာပဲ တွေ့ဖြစ်ပါတယ်။