ဘီလ် အလုပ်ထုတ်ခံရတယ်။
John:
Hello?
ဟဲလို?
Ann:
Hi John, sorry for calling so late, I hope I didn't wake you up.
ဟိုင်း ဂျွန်၊ နောက်ကျမှာခေါ်တာတောင်းပန်ပါတယ်။ မနှိုးလိုက်ဘူးလို့ထင်ပါတယ်။
Actually, I was just finishing some work. I haven't gone to bed yet.
တကယ်တော့၊ အခုလေးတင် အလုပ်ပြီးတာ။ အိပ်ရာမဝင်ရသေးပါဘူး။
Did you hear Bill got fired yesterday?
ဘီလ် မနေ့က အလုပ်ထုတ်ခံရတာ သိပြီးပြီလား?
No. I didn't hear that. Are you sure?
ဟင့်အင်း။ မသိသေးဘူး။ သေချာလား?
Yeah, Sarah told me this afternoon. She was pretty upset about it.
အင်း။ ဒီညနေပဲ ဆာရာပြောတယ်။ သူစိတ်မကောင်းဖြစ်နေတယ်။
That's too bad. Bill's a nice guy.
အရမ်းဆိုးတာပဲ။ ဘီလ် က လူကောင်းတစ်ယောက်ပဲ။
Yeah, I know.
အင်း။ သိတယ်။
Why did they fire him?
ဘာလို့ အလုပ်ဖြုတ်လိုက်တာလဲ?
She didn't say.
သူမပြောဘူး။
I see. Well, if you talk to Sara again, tell her there's a job opening at my company. Bill can have an interview this week if he wants.
သိပြီ။ နောက်တခေါက် ဆာရာနဲ့ စကားပြောရင် ငါ့ ကုမ္ပဏီမှာ နေရာလွတ်ရှိတာပြောလိုက်ပါ။ သူအလိုရှိရင် ဘီလ် အင်တာဗျူး ဒီအပတ်ရနိုင်တယ်
Oh, thank you so much. I'll call her and tell her.
အိုး။ ကျေးဇူးအရမ်းတင်ပါတယ်။ သူမ ကိုခေါ်ပြီးပြောလိုက်မယ်။